Tuesday, December 9, 2014

မိမိ၏ရွေးချယ်မှုနှင့် အားထုတ်မှု


好きなことを仕事にする。
မိမိနှစ်သက်တဲ့ အရာကို အလုပ်တစ်ခုအနေနဲ့ လုပ်တယ်။
それは簡単ではない。
ဒါပေမဲ့ အဲဒါက လွယ်ကူလှတဲ့ ကိစ္စတော့မဟုတ်ဘူး။
侵食を忘れて学ぶ。
အဲဒီအရာနဲ့ပတ်သက်ပြီး အအိပ်အစားမေ့ပြီးတော့ အပတ်တကုတ်ကို လေ့လာသင်ယူရတယ်။
競争に負け涙する。
အဲဒီလိုသင်ယူရင်းနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ရတဲ့ ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေမှာ ရှုံးနိမ့်သွားတဲ့အခါကျပြန်ရင်လည်း မျက်ရည်ကျပြန်တယ်။
それでも好きなことなら
人はものすごい力を発揮する。
အဲဒါတောင်မှ မိမိနှစ်သက်တဲ့ အလုပ်ဆိုရင် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်လေ့ရှိတယ်။
誰かに決められた世界なく
自分で決めた将来のために
人は絶対に変われる。
တစ်ဦးတစ်ယောက်က ဒါလုပ်ဒါလုပ်ဆိုပြီး သတ်မှတ်ပေးထားတာမဟုတ်ဘဲ မိမိရဲ့အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခဲ့တာမို့လို့ အဲဒီလူဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်နိုင်မှာ မလွဲမသွေပဲ။

Source: ရထားပေါ်က တက္ကသိုလ်ကျောင်းကြော်ငြာတစ်ခု
---ခင်သံလွင်---

No comments:

Post a Comment