Tuesday, December 9, 2014

မိုဘိုင်းအဘိဓာန် Apps မိတ်ဆက်


Function မျိုးစုံပါတဲ့ Casio တို့ sharp တို့လိုမျိုး Brand ကောင်းကောင်း အီလက်ထရောနစ်အဘိဓာန် (Denshi Jisho) တစ်ခုလောက် ဝယ်မယ်ဆိုရင် ဂျပန်ငွေ ယန်း ၁ သောင်းခွဲ (မြန်မာငွေ တစ်သိန်းခွဲ) အထက်လောက် ရှိရင်ရှိလိမ့်မယ်။
အဲဒီလိုဝယ်မဲ့အစား မိမိရဲ့ smart phone မှာပဲဖြစ်ဖြစ်၊ ipad စတဲ့ tablet မှာပဲဖြစ်ဖြစ် app သွင်းထားရုံနဲ့ ငွေကြေးအကုန်အကျမရှိဘဲ ကြိုက်တဲ့အချိန်မှာ ဖွင့်ဖတ်နိုင်ပါလ
ိမ့်မယ်။

အောက်က app သုံးခုက ထည့်ထားသင့်တဲ့ Dictionary တွေပါ။
>>>iphone နဲ့ ipad သုံးတဲ့သူတွေအတွက်တော့
(၁) JEDict Lite : https://itunes.apple.com/us/app/jedict-lite/id482453036?mt=8
-Kanji ရဲ့ အသံထွက်မသိလို့၊ စုတ်ချက်တစ်ခုချင်းစီကို လက်နဲ့ဆွဲပြီး ရှာလို့ရတဲ့ handwriting recognition ပါပါတယ်။
-စုတ်ချက်အရေအတွက်နဲ့ Kanji တစ်ခုချင်းစီကိုလည်း ရှာလို့ရတယ်။

(၂) Jishokun : https://itunes.apple.com/jp/app/jishokun-japanese-english/id671889349?l=en&mt=8
-ဂျပန် to ဂျပန်၊ ဂျပန် to အင်္ဂလိပ်၊ အင်္ဂလိပ် to ဂျပန်လို ရှင်းလင်းချက်ပါပြီး ဝါကျတွေ၊ ဝေါဟာရအများကြီးနဲ့ ဥပမာပေးချက်တွေပါပါတယ်။

>>>Android phone သုံးတဲ့သူတွေအတွက်တော့
(၁)Akebi Japanese dictionary : https://play.google.com/store/apps/details?id=com.craxic.akebifree
-handwriting recognition ရော၊ ဥပမာစာကြောင်းတွေပါ ပါပါတယ်။

>>>အကုန်လုံးက အင်တာနက်လည်း ချိတ်စရာမလို၊ offline အသုံးပြုလို့ရပါတယ်။ တော်တော်အဆင်ပြေမှာပါ။ သုံးကြည့်ပါ။




---ခင်သံလွင်---

No comments:

Post a Comment